ပွင့်ဖြူ ဧပြီ ၁၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဧပြီ ၁၄ ရက်၊ ညနေ ၅ နာရီ မိနစ် ၂၀ အချိန်ခန့်က ရုတ်တရက် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကျေးရွာ(၆)ရွာတွင် လူနေအိမ်များ အမိုးလန်ပျက်စီးခြင်းနှင့် ပြိုလဲပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဧပြီ ၁၄ ရက်နေ့ ညနေပိုင်းက မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သဖြင့် ပွင့်ဖြူမြို့နယ် ကျစ်ကိုင်းကျေးရွာတွင် လူနေအိမ်(၁)လုံး အမိုးလန်ပျက်စီးခြင်းနှင့် လူနေအိမ်(၁)လုံး ပြိုလဲပျက်စီးခြင်း၊ ကုလားဟောင်းကျေးရွာတွင် လူနေအိမ်(၂၈)လုံး အမိုးလန်ပျက်စီးခြင်း၊ အနောက်လေးအိမ် ကျေးရွာတွင် လူနေအိမ် (၂၅)လုံး အမိုးလန်ပျက်စီးခြင်းနှင့် လူနေအိမ်(၄)လုံး ပြိုလဲပျက်စီးခြင်း၊ ဖလံကျင်း ကျေးရွာတွင် လူနေအိမ်(၇)လုံး အမိုးလန်ပျက်စီးခြင်းနှင့် လူနေအိမ်(၂)လုံး ပြိုလဲပျက်စီးခြင်း၊ ကြူဝန်း ကျေးရွာတွင် လူနေအိမ်(၉)လုံး အမိုးလန်ပျက်စီးခြင်းနှင့် လူနေအိမ်(၁)လုံး ပြိုလဲပျက်စီးခြင်း၊ နဘဲကုန်း ကျေးရွာတွင် လူနေအိမ်(၁၄)လုံး အမိုးလန်ပျက်စီးခြင်းနှင့် လူနေအိမ်(၁)လုံး ပြိုလဲပျက်စီးခြင်းများ ဖြစ်ပွားခဲ့ရာ စုစုပေါင်း လူနေအိမ်(၈၄)လုံး အမိုးလန် ပျက်စီးခဲ့ပြီး လူနေအိမ်(၉)လုံး ပြိုလဲပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အလားတူ ဧပြီ ၁၃ ရက်နေ့တွင်လည်း မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာ ကျေးရွာတွင် လူနေအိမ်(၄၅)လုံး အမိုးလန်ပျက်စီးခြင်း၊ လူနေအိမ်(၇)လုံး ပြိုလဲခြင်းနှင့် ဘုန်းတော်ကြီး ကျောင်း(၁)ကျောင်း အမိုးလန်ပျက်စီးခြင်း၊ ရွှေလှေကျေးရွာတွင် လူနေအိမ်(၃)လုံး အမိုးလန်ပျက်စီးခြင်း၊ မင်းမြေကျေးရွာတွင် လူနေအိမ်(၇)လုံး အမိုးလန်ပျက်စီးခြင်းနှင့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း အမိုးလန် ပျက်စီးခြင်း၊ အရှေ့လေးအိမ် ကျေးရွာတွင် လူနေအိမ်(၈)လုံး အမိုးလန်ပျက်စီးခြင်း၊ ပေတောကျေးရွာတွင် လူနေအိမ်(၂၇)လုံး အမိုးလန်ပျက်စီးခြင်း၊ လူနေအိမ်(၃)လုံး ပြိုလဲပျက်စီးခြင်းနှင့် ဘုန်းတော်ကြီး ကျောင်း(၃)ကျောင်း အမိုးလန်ပျက်စီးခြင်း၊ အနောက်ကိုင်း ကျေးရွာတွင် လူနေအိမ်(၅၄)လုံး အမိုးလန် ပျက်စီးခြင်းနှင့် လူနေအိမ်(၁)လုံး ပြိုလဲပျက်စီးခြင်း၊ ညောင်ခြုံကျေးရွာတွင် လူနေအိမ် (၁)လုံး ပြိုလဲပျက်စီးခြင်း၊ သရက်တောကျေးရွာတွင် လူနေအိမ်(၂၃၂)လုံး အမိုးလန်ပျက်စီးခြင်း၊ လူနေအိမ်(၂၂)လုံး ပြိုလဲပျက်စီးခြင်းနှင့် ဘုန်းတော်ကြီးကျောင်း(၃)ကျောင်း အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းဆောင်များနှင့် လူနေအိမ်များ ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် ကျေးရွာနေ ပြည်သူများက လိုအပ်သည်များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ထောက်ပံ့မှုများ ရရှိနိုင်ရေးအတွက် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ရဲဝင်းနိုင်(ပြန်/ဆက်)