မင်းလှ မေ ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မေ ၃ ရက်ညနေ ၅နာရီ ၃၀ မိနစ်ချိန်ခန့်က မိုးသည်း ထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စုများအတွင်း၌နေအိမ် (၃)လုံးပြိုလဲ၍ နေအိမ်(၂)လုံး အမိုးလန်ပျက်ဆီးဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ကိုင်းပြင်ကြီးမြောက်စုကျေးရွာတွင် နေအိမ်တစ်လုံးနှင့် ဇရစ်ချောင်းကျေးရွာရှိ ကျွန်းကုန်း ဘုန်းတော်ကြီးကျောင်းသိမ်တို့အမိုးလန်ပျက်ဆီးခဲ့ပြီး၊ သဲကောအုပ်စု တောင်ပို့ကြီးကျေးရွာတွင် နေအိမ်(၂) လုံးနှင့် ဇရစ်ချောင်းကျေးရွာတွင်နေအိမ်တစ်လုံး ပြိုလဲပျက်ဆီးဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း၊ လူနှင့် တိရစ္ဆာန်များ ပျက်ဆီးဆုံးရှုံးမှုမရှိခဲ့ကြောင်းသိရသည်။
အဆိုပါလေပြင်းတိုက်ခတ်သည့်ကျေးရွာများတွင် ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် ကျေးရွာသူ ကျေးရွာ သားများက ပူးပေါင်း၍ လိုအပ်သည်များကိုကူညီဆောင် ရွက်ပေးခဲ့ကြောင်းသိရသည်။
ပေါက်စ ပြန်/ ဆက်