ပုသိမ် မေ ၄
ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ (၇၅)နှစ်မြောက် စိန်ရတု အထိမ်းအမှတ် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့အကြို ပြည်သူ့အကျိုးပြု ဆောင်ရွက်ခြင်းလုပ်ငန်းအား ယမန်နေ့က ပုသိမ်မြို့၊ ဘုရားကြီးကုန်းကျေးရွာရှိ မဟာစေတီတော်ကြီး၌ ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်ဆွေဝင်း ဦးဆောင်၍ မဟာစေတီတော် ဘုရားကြီး၏ အရှေ့ဘက်မုဒ်ဦးတွင် အင်အား(၅၀)ဦးဖြင့်လည်းကောင်း၊ အနောက်ဘက်မုခ်ဦးတွင်အင်အား(၅၀)ဦးဖြင့် လည်းကောင်း၊ သိမ်တော်ကြီးတွင် အင်အား(၅၀)ဦးဖြင့်လည်းကောင်း ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်အင်အား စုစုပေါင်း (၁၅၀)ဦးတို့ဖြင့် ဘုရားပန်းများကပ်လှူ ပူဇော်ခြင်း၊ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ဘုရားရင်ပြင်တော် ရေသပ္ပာယ်ခြင်းများအား ကုသိုလ်ပြု ဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ စုစုပေါင်း အင်အား (၃၀)ဦးတို့မှ အနောက်တောင်တိုင်းစစ်ဌာနချုပ် ၊ အမှတ်(၄) တပ်မတော်စစ်ဆေးရုံသို့ သွေးများလှူဒါန်းခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)