ရန်ကုန် မေ ၄
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ “The World Press Freedom Day ( 3rd May 2021 ) ကိုကြိုဆို ဂုဏ်ပြုသော အားဖြင့် “Press Freedom ကို ဦးတည်ကာ မီဒီယာစင်တာထူထောင်ကြစို့” မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ၏ World Press Freedom Day ဂုဏ်ပြုစကားဝိုင်း)ကိုယမန်နေ့ နေ့လယ် ၁ နာရီက၊ ရန်ကုန်မြို့၊ ဗိုလ်တထောင်မြု့နယ်၊မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊အစည်းအဝေး ခန်းမ၌ကျင်းပသည်။
အခမ်းအနားသို့ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဝင်များ တက်ရောက် ကြပြီး၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ယာယီ ဥက္ကဌ ဒေါက်တာမျိုးသန့်တင်ကဂုဏ်ပြု အမှာ စကား ပြောကြားသည်။
ဆက်လက်၍ ဂုဏ်ပြုဆောင်ပုဒ်အတိုင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် တစ်ဦးချင်းစီက ၊မိမိတို့၏ အတွေ့အကြုံများအရ၊ မီဒီယာစင်တာ ထူထောင်ရန်၊ သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေး မြင့်မားသော မီဒီယာသမားကောင်းများ ပေါ်ထွန်းလာစေရေး၊ သတင်းမီဒီယာသမားများ စောင့်ထိန်းရမည့် ကျင့်ဝတ်နှင့် သိက္ခာ၊တာဝန်နှင့်ရပိုင်ခွင့်၊ တည်ဆဲဥပဒေများတို့ကို အသီးသီးအဆိုပြုတင်ပြကြသည်။
ထိုနောက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ယာယီဥက္ကဌ ဒေါက်တာမျိုးသန့်တင်က ဆွေးနွေးတင်ပြမှုများ အပေါ် ပေါင်းစပ်ညှိနှိုင်းကာနိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရှိရသည်။
အောင်မြင့် (ပြန်/ဆက်)