လက်ပံတန်း မေ ၄
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။လက်ပံတန်း မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦသန့်စင် က ယနေ့နံနက်ပိုင်းတွင်မြို့နယ်ပြည်သူ့ဆေးရုံတွင် တက်ရောက်၍ ဆေးဝါးကုသမှု ခံယူ နေသော ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက် ထားရှိမှုများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးနေမှုများအား ကြည့်ရှု ခဲ့ကြောင်း သိရသည်။
လက်ပံတန်း မြို့နယ် ပြည်သူ့ဆေးရုံတွင် ထိခိုက်ဒဏ်ရာရ လူနာများ၊ ဖျားနာလူနာများ၊ အထွေထွေရောဂါ ကုသလူနာများ၊ မွေးလူနာများ စုစုပေါင်း(၂၄)ဦး တက်ရောက် ကုသလျက်ရှိပြီး ပြင်ပလူနာဌာနတွင် တနင်္လာနေ့မှ သောကြာနေ့အထိ အပတ်စဉ် ကုသပေးလျက်ရှိရာ နေ့စဉ်လူနာ(၂၀)ဝန်းကျင်အား ကျန်းမာရေး စောင့်ရှောက် ပေးလျက် ရှိကြောင်းမြို့နယ်ပြည်သူ့ဆေးရုံမှတာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ကြောင်းသိရသည်။
မြို့နယ်၊ပြန်/ဆက်