မြောက်ဦး မေ ၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် (၇၅)နှစ်မြောက်စိန်ရတုအထိမ်းအမှတ် မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်ပြည်သူ့ဆေးရုံကြီး နှင့်ပြင်ပအရေးပေါ်ဌာနများ ၌ သွေးလိုအပ်လျှက်ရှိသည့် အရေးပေါ်လူနာများအား အချိန်မီကုသနိုင်ရေးအတွက် ယနေ့ နံနက် ၈ နာရီက ခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များမှ ကရုဏာလှိုင်းသွေးအလှူရှင်များအသင်း ရုံးသို့ သွားရောက်ပြီး စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စုပေါင်းသွေးလှူဒါန်းခြင်းအားပြုလုပ်ရာမြို့နယ်ပြည်သူကျန်းမာရေးဝန်ထမ်းများက သွေးလှူဒါန်းပေးကြ မည့် မီးသတ်တပ်ဖွဲ့ဝင်များအား သွေးပေါင်ချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေး ခြင်း၊ သွေးအမျိုးအစား အုပ်စုများခွဲခြားသတ်မှတ်ပေးခြင်းများကို ဆောင်ရွက် ပေးခဲ့သည်။
အဆိုပါ သွေးလှူဒါန်းပွဲသို့ ခရိုင်မီးသတ် ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်ဇော်ဟိန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစန်းလွင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်(၂၀) ဦးမှ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။ ထို့နောက် ကရုဏာလှိုင်း သွေးအလှူရှင်များအသင်း ဉက္ကဌ ဦးအောင်သန်းထွန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် စားသောက်ဖွယ်ရာများ၊ ဆေးဝါးများပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း