ဝမ်းတွင်းမြို့နယ် သဖန်းကျေးရွာတွင် စက်ချုပ်ကုန်ထုတ် သမလုပ်ငန်းများ ပုံမှန်လည်ပတ်လျက်ရှိ

ဝမ်းတွင်း    မေ    ၅

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ သဖန်းကျေးရွာတွင် ကုန်ထုတ်သမ(စက်ချုပ်) လုပ်ငန်းများကို အကျိုးတူ စီးပွားဘက်လုပ်ကိုင်သူများဖြင့် လုပ်ငန်းများ ပုံမှန်လည်ပတ် လုပ်ကိုင်လျက် ရှိကြောင်းသိရသည်။

သဖန်းကျေးရွာရှိ စက်ချုပ်ကုန်ထုတ် သမလုပ်ငန်းအနေဖြင့် အသင်းသူအသင်းသားများနှင့် အကျိုးတူ စီးပွားဘက် လုပ်ကိုင်သူများ၏ အကျိုးစီးပွားအတွက် အချင်းချင်း လုပ်အား၊ ပစ္စည်းတို့ ပူးပေါင်း ကာအများဆန္ဒသဘောထားဖြင့် စီမံခန့်ခွဲလုပ်ဆောင်လျက်ရှိပြီး လုပ်ငန်းရှင်များနှင့် အလုပ်သမားများ၏ အကျိုးစီးပွားနှင့် စားဝတ်နေရေးကိစ္စများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကာ ကုန်ကြမ်းယူ/ ကုန်ချောပေးစနစ်ဖြင့် ပိုးထည်အမျိုးမျိုး၊ အနွေးထည်အမျိုးမျိုး၊ မိုးကာအမျိုးမျိုးကိုလည်း ချုပ်ခယူဆောင်ရွက်ပေးလျက်ရှိပြီး အလုပ်သမားတစ်ဦး နေ့တွက်(၄၀၀၀) နှုန်းဖြင့် လုပ်ငန်းများ  ပုံမှန်လည်ပတ်လျက်ရှိကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်အတွင်းရှိ သဖန်းကျေးရွာသည် စက်ချုပ်ကုန်ထုတ်သမဝါယမအသင်းကို ၂၀၁၇ ခုနှစ်မှ စတင်ကာလုပ်ငန်းရှင် အသင်းသား(၅၂)ဦး၊ အလုပ်သမားအသင်းသား (၂၈၀)ဦး စုစုပေါင်း (၃၃၂)ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ယနေ့တိုင်စက်ချုပ်ကုန်ထုတ်လုပ်ငန်းများကို ပုံမှန်လည်ပတ် လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်