ရန်ကင်း မေ ၅
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ မကြာမီ ကျောင်းများပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသောကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်း ချက်များနှင့်အညီ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင် ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲ အချိန်က တာဝန်ရှိသူများက သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမောင်မောင်နှင့် အဖွဲ့ဝင်များက အမှတ် (၁၁)ရပ်ကွက်၊ ပညာရေး ဒီဂရီကောလိပ်ကျောင်းသို့ သွားရောက်၍ ပညာရေး ကောလိပ်မှ ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများအား တွေ့ဆုံပြီး ကျောင်းအတွင်းရှိ ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာရှိ ပစ္စည်းများ ရှင်းလင်းခြင်းများ ဆောင်ရွက်ရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သိရသည်။
လှလှထွေး (ပြန်/ဆက်)