သဲကုန်း မေ ၅
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်တစ်နှစ်အောက် ကလေးငယ်များအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ရရှိခံစားနိုင်ရေးအတွက် ကူးစက်ရောဂါများ ကာကွယ်နိုင်ရေး ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ မေလပထမပတ်တွင် ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကာကွယ်ဆေးမထိုးရသေးသော ကိုယ်ဝန်ဆောင်မိခင်များနှင့် တစ်နှစ်အောက်ကလေးငယ်များ နီးစပ်ရာ ကျန်းမာရေးဌာနခွဲများတွင် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရှိရသည်။
သဲကုန်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဌာနဌာနခွဲ(၃၂) ခုအနက် ဌာနခွဲ(၂၄) ခုတွင် မေလ ၇ ရက်နေ့နှင့် မေလ ၈ ရက်နေ့များတွင် စတင်ထိုးနှံပေးသွားရန် စီစဉ်ထားရှိကြောင်းနှင့် ရက်အပြောင်းအလဲရှိပါက ပြန်လည်အကြောင်းကြားပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)