မကွေး မေ ၆
မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး၌ ယခုလ ၅ ရက်နေ့တွင် ကျရောက်သည့်(၇၅) နှစ်မြောက် စိန်ရတု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက် ၇ နာရီက ကျင်းပ ပြုလုပ်သည်။
အခမ်းအနားသို့ သန္ဒေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အငြိမ်းစားဝန်ထမ်းများ၊ တိုင်းဒေသကြီး အဆင့် စံပြမီးသတ်ဆု၊ မီးသတ်ကျင့်ဝတ်ဆု ရရှိသူများ၊ သင်တန်းထူးချွန်ဆုရရှိသူများ၊ ပြည်သူ့ ဝန်ထမ်းကောင်းတံဆိပ် ရရှိသူများနှင့်လုပ်သက်(၂၅)နှစ်ကျော် အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ ပြီး ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးလှိုင်က (၇၅) နှစ်မြောက် စိန်ရတု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ မိန့်ခွန်းပြောကြားခဲ့ပြီး၊ ဆုချီးမြှင့်ခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုငွေများ ပေးအပ်ခြင်းနှင့်(၇၅)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် (Video Clip)ပြသခြင်းတို့ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ နံနက် ၉ နာရီအချိန်တွင် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးနှင့် သန္ဒေမီးသတ် တပ်ဖွဲ့ဝင်များ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင်များသည် မကွေးမြို့ မဟာဝိသုကာရာမတိုက်သစ်(တောင်စာသင်တိုက်)၊ မြိုင်ညိုညိုတောရကျောင်းနှင့် လေးထပ်ဘုန်းတော်ကြီး ကျောင်းတိုက်တို့တွင် ဆွမ်းဆန်နှင့်လှူဖွယ်ပစ္စည်းများ လှူဒါန်း ဆက်ကပ်ခဲ့ပြီး၊ မဟာအောင် မြေဝိဇယပတ္တမြားဘုရားကြီး ဘက်စုံမွန်းမံရန်အတွက် အလှူငွေ ၁၀၀၀၀၀၀/- (ကျပ်တစ်ဆယ်သိန်း) လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သန်းနိုင်ဦး