မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း

မြဝတီ မေ ၆

(၇၅)နှစ်မြောက် စိန်ရတုမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို မြဝတီမြို့နယ် သင်္ဃန်းညီနောင်ကျေးရွာရှိ မြို့ဦးဘုန်ကြီးကျောင်းတွင် ယမန်နေ့ နံနက်(၁၁) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ မြဝတီခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဖြိုးမင်းဇော်၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများက နမောတဿအစရှိသော ရှေးရိုးဘုရားရှိခိုးခြင်းဖြင့် အခမ်းအနားကို စတင်ကာ ဆရာတော်များမှ သြဝါဒချီးမြှင့်ပြီး ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

ထို့နောက် မြဝတီခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဖြိုးမင်းဇော်နှင့်မီးသတ်တပ်ဖွဲ့ဝင်များက နဝကမ္မအလှူ‌‌ငွေများ ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချအမျှဝေခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆိုရုတ်သိမ်းခဲ့ကြပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)