မိုင်းဆတ်မြို့၌ မယ်ဆတ်ဆည်လက်ဝဲမြောင်း ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်

မိုင်းဆတ် မေ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ လယ်မြေ(၃၆၁)ဧကအား ရေပေးဝေလျက်ရှိသည့် မယ်ဆတ်ဆည်လက်ဝဲမြောင်းနံရံများပျက်စီးနေခြင်းကြောင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လက်ဝဲမြောင်းဝ အကျယ်(၆ ဒဿမ ၉)ပေ၊ မြောင်းအောက်ခြေအကျယ်(၃)ပေ၊ အမြင့် (၂)ပေခွဲနှင့် အရှည်(၄၅၀)ပေပြုပြင်ခြင်းလုပ်ငန်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် (၁၀)သန်းဖြင့်  ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)