မြောက်ဦး မေ ၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်အသက်နှစ်လမှတစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးများထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း များက ယနေ့ နံနက် ၈ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် မြို့ပေါ်ရပ်ကွက် များဖြစ်သော တောင်ရပ် ရပ်ကွက်၊ ညောင်ပင်ဈေးရပ်ကွက်နှင့် ကျောက်ရာဇ် ကေ ရပ်ကွက်များရှိ သတ်မှတ်ထားသော စုရပ်နေရာများ၌ ကာကွယ် ဆေးထိုးနှံတိုက်ကျွေးပေးလျှက်ရှိကြောင်းသိရ သည်။
အဆိုပါ မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Covid-19 ကြိုတင်ကာကွယ်ရေး ဆိုင်ရာ လမ်းညွန်ချက်များနှင့်အညီထိုးနှံပေးလျှက်ရှိရာ ကိုယ်ဝန် ဆောင်မိခင်လောင်းများအား မေးခိုင်ကာကွယ်ဆေးထိုးနှံ့ပေးခြင်း၊ ကလေး ငယ်များအား အသက် အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်နှင့် အသည်းရောင်အသာဝါဘီ၊ ဦးနှောက်အမဲ ရောင်၊ ငါးမျိုးစပ် ကာကွယ်ဆေး၊ ပြင်းထန်အဆုပ်ရောင်(ပီစီဗွီ)၊ ဝက်သက်ဂျိုက်သိုး၊ ပြင်းထန်ဝမ်း ပျက်ဝမ်း လျှော(ရိုတာ)နှင့် ပိုလီယိုကာကွယ်ဆေးစသော ရောဂါကာကွယ်ဆေးများအား ထိုးနှံပေး ခြင်း၊ ကလေးငယ်များအား ကိုယ်အလေးချိန်တိုင်းတာ ပေးခြင်းနှင့်ကျန်းမာရေးစစ်ဆေးပေးခြင်း တို့အား ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့မေးခိုင်ကာကွယ်ဆေးနှင့်ပုံမှန်ကာကွယ်ဆေးထိုးနှံ့တိုက်ကျွေးရာတွင် ကျန်းမာရေး ဝန်ထမ်းများက Covid-19 ကြိုတင်တားဆီးကာကွယ်ရေးနှင့် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ် များကိုအလှည့်ကျ ဆေးထိုး၊ ဆေးတိုက်ခြင်းများအား စီစဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ခင်မောင်ထွန်း