မောင်တော မေ ၆
ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ပန်းခင်းစုံ ဝေး လံ ခေါင် ဖျား သော တပ်ချောင်း ကျေးရွာအုပ်စု၊ ၊ဒုံးညို ၊ရွှေတိုင်၊ တပ်ချောင်း ကျေးရွာများမှ (မြို) ၊ သက် တိုင်းရင်းသားများအား မေ ၄ ရက်နေ့မှ စတင်ကာ နံနက် ၉ နာရီ စတင်ကာ နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို အဆိုပါရုံးတွင် ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မောင်တောမြို့နယ် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ရှိန် ဦးဆောင်၍ ဝန်ထမ်းများက တပ်ချောင်း ကျေးရွာအုပ်စု၊ ဒုံးညို၊ ရွှေတိုင်၊ တပ်ချောင်း ကျေးရွာများမှ (မြို)၊ သက် တိုင်းရင်းသား အသက်(၁၀)နှစ်ပြည့် ကျား(၉)ဦး ၊မ (၁၂)ဦး ၊ အ သက်(၁၈) နှစ်ပြည့် ကျား(၃၂)ဦး၊ မ(၃၅)ဦး ၊ အ သက် (၁၀) နှစ် ပြည့်မှ အသက်(၁၈)နှစ်ပြည့် လဲလှယ်ခြင်း ကျား (၂)ဦး နှင့် ပျောက်ဆုံးခြင်း ကျား(၃)ဦး၊ မ(၁) စုစုပေါင်း (၉၄) ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြသည်။ အဆိုပါ နိုင်ငံသားစိစစ်ရေး ကတ်ပြား များအား မေ ၅ ရက်နေ့တွင် မြို့ နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဌ ဦးအောင်ရဲ ၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒုတိယ ညွန်ကြားရေးမှူး ဦးထိန်လင်း နှင့် တာဝန်ရှိ သူများက (မြို)၊သက် တိုင်းရင်းသားများထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်