သတင်းများ

ပြည်မြို့၌ Mask Campaign ပြုလုပ်
May 14,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ရွာဘဲအုပ်ချုပ်ရေးမှူးရုံးရှေ့၌ ယနေ့နံနက် ၈နာရီခွဲ အချိန်က ပြည်မြို့နယ် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့တွင်းသို့ လှည့်လည်စစ်ဆေးရေး ကော်မတီမှ ဦးဆောင်၍ mask ကမ်ပိန်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ကွန်ကရစ်လမ်း ခင်းကျင်းပြီးစီး
May 14,2021
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဦးစိုးမင်းလွင်၊ မေသက်နွယ် ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက် သည့် လုပ်ငန်းတာဝန်ခံအင်ဂျင်နီယာ ဦးဇော်လင်းထိုက်နှင့် လမ်းကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်ဝင်းနှင့် အဖွဲ့ဝင် ၁၉ ဦးတို့က ကြီးကြပ်၍ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ ဗေဒင်ကုန်းရပ်ကွက်၊ ကန်သာယာလမ်း ကွန်ကရစ်ခင်းကျင်းခြင်းလုပ်ငန်းအား ၂၀၂၁ ခုနှစ် မေလ ၁၃ ရက်နေ့တွင် ခင်းကျင်းပြီးစီး ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ  ကော့သောင်းခရိုင် လုပ်ငန်းရှင် များအား တွေ့ဆုံဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
May 14,2021
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့်အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၈ နာရီ က ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမ၌ ကော့သောင်းခရိုင်  အတွင်းရှိ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များအား တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့ကြောင်းသိရသည်။
မြောက်ဦးမြို့၌ လူမှုဝန်ထမ်းဦးစီးဌာနမှ Gender.CEDAW.NSPAW နှင့်ပတ်သက်၍ အသိပညာ ပေးဟောပြောပွဲကျင်းပ
May 14,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ Gender.CEDAW.NSPAW နှင့်ပတ်သက်၍ အသိပညာ ပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခမ်းမ အတွင်း၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းများအပ်နှံရာတွင် မိဘပြည်သူများ အခမဲ့ကျောင်းအပ်နှံရေး ဗီနိုင်းပိုစတာစိုက်ထူ
May 14,2021
ရှမ်းပြည်နယ်( တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ စာသင်ကျောင်းများတွင် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံရာတွင် မိဘပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များပါဝင်သည့် ဗီနိုင်း၊ ပိုစတာကို လူအများမြင်သာသည့် နေရာတွင် စိုက်ထူ ထားပေးကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၁၉-၂၀၂၀ခုနှစ်၊ သဘာ၀ဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးမှု အပေါ်ထောက်ပံ့ငွေ ပေးအပ်ပွဲကျင်းပ
May 14,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၁၉-၂၀၂၀ခုနှစ်၊ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံ ပျက်စီးဧကများအပေါ် ပြည်ထောင်စုအစိုးရအရေးပေါ် ရံပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
တံတားဦးမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိရေးဆောင်ရွက်ပေးမည့် ပန်းခင်းစီမံချက် ရှင်းလင်း
May 14,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ဥပဒေနှင့်အညီကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ရရှိရေးဆောင်ရွက်ပေးမည့် ပန်းခင်းစီမံချက် ရှင်းလင်းခြင်းကို ယနေ့နံနက်(၁၀)နာရီက တံတားဦး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ကျောက်ဖြူမြို့၊ အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်း သား၊ ကျောင်းသူ လေးများအား ယာဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ပို့ချ
May 14,2021
ရခိုင်ပြည်နယ်၊ကျောက်ဖြူနယ်ရှိ အခြေခံပညာမူလတန်းနှင့် အလယ်တန်း ကျောင်းများမှ ကျောင်း သား၊ကျောင်းသူများကို ဘာသာ တရားအား ရိုသေ ကိုင်းရှိုင်း တတ်လာစေရန်၊ အသိဉာဏ်ပညာ ဗဟုသုတ များတိုးပွား လာစေ ရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်ပြီး ထူးချွန်ထက်မြက်သည့် လူတော် လူကောင်း လေးများဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၁ နာရီက အမှတ်(၃) အခြေခံ ပညာအထက်တန်း ကျောင်းတွင် ယာဉ်ကျေး လိမ္မာသင် တန်းအား ဆရာ၊ ဆရာမများက ဖွင့်လှစ် ပို့ချပြသလျှက်ရှိသည်။