မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၁၉-၂၀၂၀ခုနှစ်၊ သဘာ၀ဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးမှု အပေါ်ထောက်ပံ့ငွေ ပေးအပ်ပွဲကျင်းပ

 

 

သရက် မေ ၁၄

 

 

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၁၉-၂၀၂၀ခုနှစ်၊ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံ ပျက်စီးဧကများအပေါ် ပြည်ထောင်စုအစိုးရအရေးပေါ် ရံပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

 

 

အဆိုပါ အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်မာအေးက အဖွင့်အမှာ စကားပြောကြားပေးပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်က ရေကြီးနစ်မြုပ်မှုကြောင့် လက်ပံဆိပ်ကျေးရွာ၊ ညောင်ရွာငယ်ကျေးရွာ၊ ပိဿလိမ်းကျေးရွာနှင့် ရေပေါ်ကျွန်းကျေးရွာတို့တွင် နမ်း(၃၆၁)ဧက၊ ပဲတီစိမ်း(၈၄၆)ဧက၊ မြေပဲ(၁၅၃)ဧက။ဖူးစားပြောင်း(၅၂)ဧက၊စပါး(၈)ဧက စုစုပေါင်း(၁၄၂၀)ဧက ပျက်စီးခဲ့ပြီး ပျက်စီးမှု့အပေါ် မိုးနှမ်း၊ပဲတီစိမ်းကို (၁)ဧကလျှင်(၅၀၀၀ /-)ကျပ်နှုန်း ‌မြေပဲ(၁)ဧကလျှင်(၃၀၀၀၀/-)ကျပ်နှုန်း၊ဖူးစားပြောင်း(၁)ဧကလျှင်(၁၀၀၀၀/-)ကျပ်နှုန်း၊စပါး(၁)ဧက လျင်(၁၀၀၀၀/-)ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။

 

 

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင့်နေအောင်က ၂၀၁၉-၂၀၂၀ ခုနှစ်၊ သီးနှံ ပျက်စီးမှုအပေါ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ပေးခဲ့ပြီး သဘာဝဘေးအန္တရာယ်ကြောင့်သီးနှံပျက်စီးမှုအပေါ် တောင်သူများအား ထောက်ပံ့ငွေများကို စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်မာအေးနှင့် တာဝန်ရှိသူ အသီးသီးက ပေးအပ်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများက လက်ခံပြီး တောင်သူများလက်ဝယ်အရောက် စိုက်ပျိုးရေးဝန်ထမ်းများနှင့် အတူ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ဇော်ထက်(သရက်)