ကျောက်ဖြူ မေ ၁၄
ရခိုင်ပြည်နယ်၊ကျောက်ဖြူနယ်ရှိ အခြေခံပညာမူလတန်းနှင့် အလယ်တန်း ကျောင်းများမှ ကျောင်း သား၊ကျောင်းသူများကို ဘာသာ တရားအား ရိုသေ ကိုင်းရှိုင်း တတ်လာစေရန်၊ အသိဉာဏ်ပညာ ဗဟုသုတ များတိုးပွား လာစေ ရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်ပြီး ထူးချွန်ထက်မြက်သည့် လူတော် လူကောင်း လေးများဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၁ နာရီက အမှတ်(၃) အခြေခံ ပညာအထက်တန်း ကျောင်းတွင် ယာဉ်ကျေး လိမ္မာသင် တန်းအား ဆရာ၊ ဆရာမများက ဖွင့်လှစ် ပို့ချပြသလျှက်ရှိသည်။
ထိုသို့ဖွင့်လှစ်ပို့ချရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန် ချက်များနှင့်အညီ သင် ကြားပို့ချလျှက်ရှိပြီး သင်တန်း ဆရာ၊ဆရာမများက တစ်နေ့လျှင် နံနက်(၁၁း၀၀)နာရီမှ ညနေ (၄:၀၀)နာရီ ထိ သင်ကြားပြသပေး မည်ဖြစ်ကာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများကို ယာဉ်ကျေးလိမ္မာသင်ခန်းစာ အားလည်းကောင်း၊ အလယ်တန်းအဆင့် ကျောင် းသား၊ ကျောင်းသူများကို အခြေခံ ဗုဒ္ဓဘာသာယာဉ်ကျေးမှုစာပေများဖြစ်သော ဘုရား ရှိခိုးခြင်း၊ ဆရာကန်တော့ခြင်း၊ ဆွမ်း၊ ပန်း၊ ဆီမီး၊ ရေချမ်း ကပ်လှူ ပူဇော်ခြင်း အစရှိသည့် သင်ခန်းစာများကို ပို့ချပြသပေးမည်ဖြစ်သည်။
အဆိုပါသင်တန်းကို အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၃၅၉ ဦးတို့က တက် ရောက်သင်ယူလျှက်ရှိပြီး သင်တန်းကာလမှာ မေလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ငါးရက်ကြာ ပို့ချ ပြသပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း