မြောက်ဦးမြို့၌ လူမှုဝန်ထမ်းဦးစီးဌာနမှ Gender.CEDAW.NSPAW နှင့်ပတ်သက်၍ အသိပညာ ပေးဟောပြောပွဲကျင်းပ

မြောက်ဦး  မေ  ၁၄

 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ Gender.CEDAW.NSPAW နှင့်ပတ်သက်၍ အသိပညာ ပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခမ်းမ အတွင်း၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

 

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ရခိုင်ပြည်နယ်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်း ဝင်းမှ အဖွင့်အမှာစကားပြောပြီးနောက် အသိပညာပေးဟောပြောရာ၌ လူမှုအလေ့အထများနှင့် ယဉ်ကျေးမှု ဆိုင်ရာစံနှုန်းများ၊ ခွဲခြားနှိမ့်ချ ဆက်ဆံခြင်း၊ အမျိုးသမီးများနှင့် အသက်မွေး ဝမ်းကျောင်းမှု၊ အမျိုးသမီးများ နှင့်ပညာရေးလေ့ကျင့်သင်ကြားရေး၊ ကျားမရေးရာအခြေပြု အကြမ်းဖက်မှုအမျိုးအစားများဖြစ်သော ရုပ် ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ စီးပွားရေးဆိုင်ရာ အကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ နှင့်အိမ်တွင်းမှုဆိုင်ရာ အကြမ်းဖက်မှုများနှင့်လူမှုဝန်ထမ်းဦးစီးဌာန၏ (၁၆)ရက်တာလှုပ်ရှားမှု များအား တက်ရောက်လာကြသော ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အမျိုးသမီး ကော်မတီ ဝင်များအားနားလည်သိရှိ စေရန်အတွက်   Power Point ဖြင့် အသိပညာပေးဟော ပြောခြင်း အား အကျယ်တစ်ဝင့်ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ လူမှုဝန်ထမ်း ဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင် အမျိုးသမီး ကော်မတီဝင်များ အမျိုးသမီးလူမှုရေးအဖွဲ့အစည်းများနှင့်ခရိုင်လူမှု ဝန်ထမ်းဦးစီး ဌာနမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 

ခင်မောင်ထွန်း