ပဲခူးမြို့၌ နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာသည့် အလေ့အထများဖြစ်စေရန် Mask Campaign ပြုလုပ်
May 14,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်သော စည်ကမ်းများအား လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်းလုပ်ငန်း Mask Campaign ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ယမန်နေ့ နံနက်(၈)နာရီအချိန်က လူစည်ကား ရာ ရွှေသာလျောင်းဘုရား မီးပွိုင့်အနီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။