ရွှေပြည်သာမြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး
May 14,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း(၅၅၅၆) ဦးရှိရာ အဆိုပါ ပထမအကြိမ် ထိုးနှံပြီးသည့် သူများအား ဒုတိယအကြိမ်အဖြစ် နံနက် ၉နာရီမှ ညနေ ၃ နာရီချိန်ထိ မြို့နယ်တွင်းရှိ ဌာနဆိုင်ရာများ၊ ပြည်သူများအား ထိုးနှံပေးလျက် ရှိသည်။