ပြည်မြို့၌ Mask Campaign ပြုလုပ်

ပြည် မေ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ရွာဘဲအုပ်ချုပ်ရေးမှူးရုံးရှေ့၌ ယနေ့နံနက် ၈နာရီခွဲ အချိန်က ပြည်မြို့နယ် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့တွင်းသို့ လှည့်လည်စစ်ဆေးရေး ကော်မတီမှ ဦးဆောင်၍ mask ကမ်ပိန်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ mask ကိုဗစ် -၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်မြို့ရှိ သွားလာလှုပ်ရှားနေကြသော ခရီးသွားပြည်သူများအား နေအိမ်ပြင်ပသို့ ထွက်ခွာသွားသူတိုင်း mask တပ်ဆင်ဖို့မမေ့ကြရန် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရပြီး၊ ၎င်း mask ကမ်ပိန်းတွင် ပြည်မြို့နယ် ကိုဗစ် -၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် မြို့တွင်းသို့ လှည့်လည်စစ်ဆေးရေး ကော်မတီနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက mask အခုရေ (၈၀၀)ကို ပြည်သူများထံ လက်ဝယ်အရောက် ဝေငှပေးခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်