သံလွင်မြစ်အတွင်း ငါးမျိုးများ စိုက်ထည့်
May 14,2021
ကရင်ပြည်နယ်အတွင်း အာဟာရကြွယ်ဝသည့် ငါးသယံဇာတပေါများ၍ စားနပ်ရိက္ခာဖူလုံပိုလျှံစေရေး အတွက် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝရေပြင်မြစ်ချောင်းအင်းအိုင်များအတွင်း နှစ်လက်မ အောက်ခံအရွယ် ငါးသားပေါက်ကောင်ရေ တစ်ဆယ့်နှစ်သိန်းကျော်ကို ယခုနှစ်အတွင်း ငါးမျိုး စိုက်ထည့်ပေးသွားမည်ဖြစ်ရာ ယနေ့ နံနက် ၇ နာရီခွဲခန့်က ဘားအံမြို့နယ်၊ တရုတ်လှလျှပ်စစ် မြစ်ရေ တင်လုပ်ငန်း၌ သံလွင်မြစ်အတွင်း ငါးမျိုးများ စိုက်ထည့်ပေးခဲ့သည်။