သာယာဝတီ မေ ၁၄
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဦးစိုးမင်းလွင်၊ မေသက်နွယ် ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် လုပ်ငန်းတာဝန်ခံအင်ဂျင်နီယာ ဦးဇော်လင်းထိုက်နှင့် လမ်းကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်ဝင်းနှင့် အဖွဲ့ဝင် ၁၉ ဦးတို့က ကြီးကြပ်၍ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ ဗေဒင်ကုန်းရပ်ကွက်၊ ကန်သာယာလမ်း ကွန်ကရစ်ခင်းကျင်းခြင်းလုပ်ငန်းအား ၂၀၂၁ ခုနှစ် မေလ ၁၃ ရက်နေ့တွင် ခင်းကျင်းပြီးစီး ခဲ့ကြောင်း သိရသည်။
အဆိုပါ ကန်သာယာလမ်း ကွန်ကရစ်ခင်းခြင်းကို ဧပြီလ တတိယပတ်က စတင်ခင်းကျင်းခြင်းဖြစ်ပြီး အရှည်ပေ ၁၀၀၀၊ အကျယ် ၁၀ ပေ၊ ထု ၈ လက်မဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ သိရသည်။
သန့်ဇော် (ခရိုင် ပြန်/ဆက်)