မိုးနဲမြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းများအပ်နှံရာတွင် မိဘပြည်သူများ အခမဲ့ကျောင်းအပ်နှံရေး ဗီနိုင်းပိုစတာစိုက်ထူ

မိုးနဲ  မေ  ၁၄

ရှမ်းပြည်နယ်( တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ စာသင်ကျောင်းများတွင် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံရာတွင်  မိဘပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များပါဝင်သည့်  ဗီနိုင်း၊ ပိုစတာကို လူအများမြင်သာသည့် နေရာတွင် စိုက်ထူ ထားပေးကြောင်း သိရသည်။

ဗီနိုင်း၊ ပိုစတာများတွင် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံမှုမရှိပါ၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်/ခဲတံ၊ Mask၊ face shield တို့ကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပါသည် စသည်ဖြင့် ရေးသားဖော်ပြထားပြီး ကျောင်းအပ်‌နှံရေးနေ့များအဖြစ် ၂၀၂၁ ခုနှစ် ၊ မေလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့ထိ ဖြစ်ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)