ရေဦး၊ မေ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘြိခရိုင်ရေဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦး ခန်းမ တွင်ယနေ့ နံနက် ၁၀ နာရီက ကျောင်းများ ပြန်လည်ဖွင့် လှစ်တော့ မည်ဖြစ်ရာ ပညာရေးဌာန တာ၀န်ရှိသူများအနေဖြင့် သက်ဆိုင်ရာ အခြေခံပညာကျောင်းများအလိုက် ကျောင်းအကျိုး တော်ဆောင်များနှင့် အတူ ပူးပေါင်းဆောင်ရွက်ကြရန်၊ ၀န်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ကိုင် ဆောင်ရွက်ကြရန်၊ တရားမ၀င်မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ် များ မြို့တွင်း သွားလာခွင့်မပြုကကြရန်နှင့် နယ်မြေအေးချမ်း လုံခြုံစေရေး အလေးထားဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးလျန်ရှင်းခုပ်က လယ်ယာမြေလုပ်ကိုင်သူ တစ်ဦး၏ လိုက်နာဆောင်ရွက်ရ မည့်အချက် (၁၂)ချက်နှင့် အတူလယ်ယာမြေစီမံခန့်ခွဲရဆိုင်ရာ ဥပဒေ နည်းဥပဒေစာအုပ်များ ဖတ်ရူထားကြရန်လိုအပ်ကြောင်း ရှင်းပြခဲ့သည်။
ဆက်လက်ပြီး လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှုး ဦးဇော်မင်းဦးက နိုင်ငံ သား စိစစ်ရေးကတ်၏ အရေးပါပုံနှင့် ယနေ့အထိဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန် ကျန်ရှိနေသည့် နိုင်ငံသားစီစစ်ရေးကတ်ပြုလုပ်ပေးနေမှုအခြေအနေများကို ရှင်းပြခဲ့ပြီး ဆည်မြောင်းနှင့်ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မိုးနိုင်က သဖန်းစိုက်ဆည် ရေသိုလှောင်ထားရှိ မှုပမာဏနှင့် စိုက်ပျိုးရေရေပေးဝေနေသည့် အခြေ အနေများ၊ ရေခွန်ကောက်ခံနိုင်ရေး ဌာနအဖြင့်အတူပူးပေါင်းပါ၀င်ဆောင်ရွက်သွားမည့် အစီ အစဉ် များကို ရှင်းပြခဲ့ကြသည်။
ထို့နောက်တက် ရောက်လာကြသော ရပ်ကျေးစီမံအုပ်ချုပ်ရေူအဖွဲ့ဥက္ကဌနှင့် စာရေး၀န်ထမ်း များမှ စာသင်ကျောင်းဆောက်လုပ်ရန် ပုံစံ ၁၀၅ -၁၀၆ တောင်းခံထားရှိမှုနှင့် ဘတ်ဂျက်ကျပြီး ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးနိုင်ရန်ရှိမရှိတို့ကို မေးမြန်းခဲ့ရာ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ အတွင်းရေးမှုး ဦးလျန်ရှင်းခုပ် တို့က ပြန်လည်ဖြေရှင်းပေးခဲ့ပြီး ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးနိုင်ရေးအတွက် မြေလွတ်မြေလပ် ရှိပါက တင်ပြထားရန်မှာကြားခဲ့ကြောင်း သိရသည်။
သန်းသန်း