သံတွဲမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၁ ခုနှစ်၊မိုးရာသီတွင် စိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း တစ်သိန်း ကျော်ပျိုးထောင်ထားရှိ

သံတွဲ မေ ၁၄

ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊သံတွဲမြို့နယ်သစ်တောဦးစီးဌာနမှ ယခု ၂၀၂၁-ခုနှစ်မိုးရာသီတွင် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး ၊ သဘာဝတောများကောင်းမွန်စေရေး နှင့်သစ်တောပြုန်းတီး မှုကြောင့်ကြုံတွေ့ရသည့် သဘာဝဘေးအန္တရာယ်နှင့်ရာသီဥတုအပူဒဏ်ကာကွယ် နိုင်ရေးအတွက် စိုက်ပျိုး ရန် ပျိုးပင်ပေါင်းတစ်သိန်းကျော်ပျိုးထောင်ထားရှိကြောင်းသိရသည်။

သံတွဲမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် နှစ်စဉ် မြို့နယ်အတွင်းသဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြေ စေရန် ၊ သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့ရသည့် ရာသီဥတုပြောင်းလဲမှုဂေဟစနစ် များမျှတ ကောင်းမွန်စေရန်၊ရေတိုက်စားမှုကြောင့်ပျက်စီးဆုံးရှုံးသည့် သဘာဝတောများ ပြန်လည် ကောင်းမွန်စေရန် ရည်ရွယ်၍ လူထုဖြန့်ပျိုးဥယျာဉ်နှင့်ကျေးရွာထင်းစိုက်ခင်းများအတွက်ပျိုး ဥယျာဉ်များပျိုးထောင်လျက်ရှိပြီး ကျေးလက်ဒေသ စိမ်းလန်းစိုပြေရေးအတွက် အရိပ်ရပျိုးပင်များ အခမဲ့ဖြန့်ဝေ ပေးခြင်း၊ကျေးလက် နေပြည် သူများနှင့်ပူးပေါင်းကာ ဒေသခံပြည်သူများနှင့်ပူးပေါင်းကာ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော စိုက်ခင်း များ တည်ထောင်ခြင်းများကိုဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ယခုနှစ်မိုးရာသီတွင်လည်း မြို့နယ်အတွင်းသဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအကောင် အထည် ဖော်စိုက်ပျိုးရန်အတွက် လူထုဖြန့်အနေဖြင့် မန်ဂျန်ရှား၊ခရေ၊မအူ၊မကျည်း၊ငု၊ဗန်ဒါ၊ပုန်းညက်၊ မဟော်ဂနီ၊ ပိတောက်၊ပျဉ်းကတိုး၊ကျွန်း စုစုပေါင်း(၃၂၄၀၀)ပင်၊သဘာဝတောတန်ဖိုးမြှင့်စိုက်ခင်း အတွက်ပျဉ်း ကတိုး၊ပိတောက် စုစုပေါင်း(၅၁၃၀)ပင်နှင့်ကျေးရွာထင်းစိုက်ခင်းအတွက် မန်ဂျန်ရှား(၁၄၁၂၂၃) ပင်တို့ကို စိုက်ပျိုးထားကြောင်း ပျိုးဥယျာဉ်တာဝန်ခံ တောခေါင်းဦးလှဌေး ထံမှသိရသည်။

နေမျိုးအောင်၊ညီနိုင်းထက်