ငါန်းဇွန် မေ ၁၄
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့ လောကနတ်ခန်းမ၌ ယနေ့နံနက် ၁၀နာရီအချိန်က ငါန်းဇွန်မြို့နယ်တွင် ပန်းခင်းစီမံချက် လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇော်ဝင်း(မြို့နယ်အုပ်ချုပ်ရေးမှူး)က ပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရာတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ အောက်ခြေရှိလူဦးရေ စာရင်းများပြုစု၍ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက် သွားရန်ရှင်းလင်းပြောကြားပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဦးလှသိန်းက မြို့နယ်အတွင်း နေထိုင်လျှက်ရှိသော မွေးရာပါနိုင်ငံသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဉီးရေစာရင်းနှင့် ကိုင်ဆောင် သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပန်းခင်းစီမံချက်အရ နေထိုင်မှုပုံစံများ အလိုက် ဆောင်ရွက်ရမည့် နည်းလမ်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များ မေးမြန်း ကြရာ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဦးလှသိန်းက ပြန်လည်ရှင်းလင်း ဖြေကြားပေး ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇော်ဝင်း၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဆန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
သက်နောင်ဦး(ငါန်းဇွန်)