သဲကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်

သဲကုန်း မေ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ခေတ္တယာယီ ပိတ်ထားခဲ့ပြီးနောက် ယခုအခါ ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်ရန်အတွက် သဲကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်အား မေလဆန်းမှ စတင်ကာ  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပြည်သူ့စာကြည့်တိုက်အား တနင်္လာနေ့မှ သောကြာနေ့ထိ နံနက်(၉:၃၀) နာရီမှ ညနေ(၄)နာရီထိ အစိုးရရုံးပိတ်ရက်များမှအပ နေ့စဉ်ဖွင့်လှစ် ထားရှိပေးလျက်ရှိကာ နေ့စဉ်ထုတ် သတင်းစာများ၊ အပတ်စဉ်ထုတ်ဂျာနယ်၊ လစဉ်ထုတ်မဂ္ဂဇင်းများ၊ အပျော်ဖတ် ၀တ္တုများ၊ ရုပ်ပြများ၊ သုတစာပေများ စသည်ဖြင့် သုတ/ရသ အမျိုးအစားစုံလင်သော စာအုပ် စာစောင်ပေါင်း တစ်သောင်းကျော်ဖြင့် စာပေချစ် ပရိသတ်များ ဖတ်ရှုငှားရမ်းနိုင်ရန် ပြန်လည် ၀န်ဆောင်မှုပေးလျက်ရှိပြီး ပြည်သူများအနေဖြင့်လည်း စာကြည့်တိုက်မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ အခမဲ့ အသင်း၀င်ရောက်ပြီး မိမိစိတ်ကြိုက် သုတ/ရသစာအုပ်များ ကို လာရောက် ငှားရမ်းဖတ်ရှုနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

မြို့နယ် ပြန်/ဆက်