ကော့ကရိတ်မြို့၌ ဒုတိယအကြိမ်အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

ကော့ကရိတ် မေ ၁၅ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၀ - ၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ဒုတိယအကြိမ် အသက် (၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၂နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းနုက အသက်(၈၅)နှစ်နှင့် အထက် သက် ကြီးဘိုး ဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ခြင်း နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (၁)၊ မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ ဦးစီးအရာရှိနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိတို့က ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ရာ ကော့ကရိတ်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများကိုယ် စား သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြောင်း သိရသည်။ ကော့ကရိတ်မြို့နယ်အတွင်းရှိ ရပ်ကွက် (၇)ရပ်ကွက်နှင့် ကျေးရွာ(၅၄)ရွာတို့မှ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား (၁၂၂၅)ဦးတို့အတွက် လူမှုရေးပင်စင်အဖြစ် ဒုတိယသုံးလပတ် (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်) လ စုစုပေါင်း (၃)လစာအတွက် တစ်ဦးလျှင် ငွေကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၃၆၇၅၀၀၀၀)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။ စောအောင်မျိုးလွင်(ပြန် / ဆက်)