သတင်းများ

ပွင့်ဖြူမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပ
May 15,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် မြို့နယ်(ပွင့်သာမြေ) စာအုပ်စာစောင် ချစ်မြတ်နိုးသူများ Book Club အဖွဲ့တို့ ပူးပေါင်းပြီး ပြည်သူများ စာပေအသိပညာ တိုးပွားစေရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ သိရှိစေရန်အတွက် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီက စာပေဝါသနာရှင်များကို ဖိတ်ခေါ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်၌  ပန်းခင်းစီမံချက်လုပ်ငန်းများ ရှင်းလင်းခြင်း အခမ်းအနားကျင်းပ
May 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်​ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်လုပ်ငန်းများ ရှင်းလင်းတင်ပြ ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီခွဲ အချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပလောက်မြို့အတွင်းရှိ အခြေခံပညာကျောင်းများကို ကိုဗစ်−၁၉ ရောဂါ တားဆီးရေး နည်းလမ်းအတိုင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းကြီးကြပ်စစ်ဆေး
May 15,2021
 တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့အတွင်းရှိ အခြေခံပညာ ကျောင်းများကို ကိုဗစ် −၁၉  ရောဂါ ကာကွယ်တားဆီးရေး နည်းလမ်းအတိုင်း ပြန်လည်ဖွင့်လှစ် နိုင်ရေးအတွက် မြိတ်ခရိုင်၊ ပညာရေးမှူးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ရှု ဦးဆောင်သောအဖွဲ့သည် ယနေ့ နံနက် (၈)နာရီခွဲက ပလောက်မြို့ ၊အခြေခံပညာ အထက်တန်း ကျောင်းသို့ ကွင်းဆင်းကြီးကြပ်စစ်ဆေးလျက်ရှိကြောင်း သိရပါသည်။
မိတ္ထီလာခရိုင်တွင် ကျေးလက်ကုန်ထုတ်လမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ကျေးလက်ရေရရှိရေး လုပ်ငန်းများအား အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ကွင်းဆင်းကြည့်ရှု့စစ်ဆေး
May 15,2021
မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာခရိုင်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (မူလ) ရန်ပုံငွေဖြင့် အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ကျေးလက်ရေရှိရေးလုပ်ငန်းများ အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး တာဝန်ရှိသူများမှ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်း မောင်တော‌ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကွင်းဆင်းဆောင်ရွက်
May 15,2021
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ နှင့်အတူ မေလ ၁၄ ရက်နေ့နံနက်ပိုင်းက တပ်မတော်ရဟတ်ယာဉ်ဖြင့် မောင်တောဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအားကွင်းဆင်းဆောင်ရွက်သည်။
အနာဂတ်၏လေ့လာစရာ ရွာကြီးတစ်ရွာ ဖြစ်လာနိုင်သည့် ပွင့်ဖြူမြို့နယ်မှ ရေပုတ်ကြီးရွာ
May 15,2021
ရေပုတ်ကြီးရွာသည် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်တွင် တည်ရှိပြီး ပွင့်ဖြူမြို့နှင့် တဆက်တည်းဖြစ်သော ရှောက်တော ကျေးရွာမှ ၈ မိုင်ခန့်ကွာဝေးကာ ကားဖြင့်သွားပါက မိနှစ် ၂၀ ခန့်မောင်းရကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် Mask Campaign ပြုလုပ်
May 15,2021
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်မြို့မစျေးကြီးတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကိုဗစ်(၁၉)ရောဂါကူးစက်မှုမရှိစေရန် Mask Campaign နှင့်အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်အတွင်း ကလေးသူငယ်များအတွက် ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်ပေး
May 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်အတွင်း ကျောင်းသား/သူ ကလေးသူငယ် များ ယဉ်ကျေးလိမ္မာစေရန် ယဉ်ကျေးလိမ္မာ သင်တန်းများကို မေလ (၁၃) ရက်နေ့က ဖွင့်လှစ် သင်ကြားခဲ့ကြောင်း သိရသည်။