သံလွင်မြစ်အတွင်း ငါးမျိုးများ စိုက်ထည့်

ဘားအံ မေ ၁၄

ကရင်ပြည်နယ်အတွင်း အာဟာရကြွယ်ဝသည့် ငါးသယံဇာတပေါများ၍ စားနပ်ရိက္ခာဖူလုံပိုလျှံစေရေး အတွက် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝရေပြင်မြစ်ချောင်းအင်းအိုင်များအတွင်း နှစ်လက်မ အောက်ခံအရွယ် ငါးသားပေါက်ကောင်ရေ    တစ်ဆယ့်နှစ်သိန်းကျော်ကို  ယခုနှစ်အတွင်း ငါးမျိုး စိုက်ထည့်ပေးသွားမည်ဖြစ်ရာ ယနေ့ နံနက် ၇ နာရီခွဲခန့်က ဘားအံမြို့နယ်၊ တရုတ်လှလျှပ်စစ် မြစ်ရေ တင်လုပ်ငန်း၌ သံလွင်မြစ်အတွင်း ငါးမျိုးများ စိုက်ထည့်ပေးခဲ့သည်။

ထိုသို့ ငါးမျိုးများစိုက်ထည့်ပေးရာတွင် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦး၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒေသခံတိုင်းရင်းသားပြည်သူများက  သံလွင်မြစ်အတွင်းသို့ နှစ်လက်မ အောက်ခံအရွယ် ရွှေဝါငါးကြင်းနှစ်သောင်း၊ ငါးခုံးမကြီး ရှစ်သောင်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ တစ်သိန်းကျော်ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသယံဇာတပေါများပိုလျှံစေရေးအတွက် နှစ်စဉ် သဘာဝရေပြင်များအတွင်း ငါးမျိုးများစိုက်ထည့်ပေးလေ့ရှိသော်လည်း ယခုနှစ်တွင် ရှင်သန်ပေါက်ပွား ရန် အကောင်းဆုံးအရွယ်ဖြစ်သည့် နှစ်လက်မအောက်ခံအရွယ်ကို ရွေးချယ်၍ မြစ်ချောင်းအင်းအိုင်များ အတွင်း အမြောက်အများစိုက်ထည့်ပေးသွားရန် လျာထားဆောင်ရွက်လျက်ရှိပြီး ယခုစိုက်ထည့်ပေးခဲ့ သည့် ငါးမျိုးများသည် သဘာဝရေပြင် မြစ်ချောင်းအင်းအိုင်များအတွင်း ရှင်သန်ပေါက်ပွားကြီးထွား၍ ငါးသယံဇာတကိုတိုးပွားလာစေပြီး ဒေသခံတိုင်းရင်းသားပြည်သူများမှ အလွယ်တကူ ဖမ်းယူစားသုံးနိုင် မည်ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)