သတင်းများ

ပခုက္ကူမြို့၌ “ပန်းခင်း”စီမံချက်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သင်တန်းဖွင့်လှစ်
May 15,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့်ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီအိမ်ထောင်စုလူဦးရေစာရင်းနှင့်ကိုင်ဆောင်သင့်သောကတ်အမျိုးမျိုးထုတ်ပေးရေး “ပန်းခင်း” စီမံချက်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍သင်တန်းကို ယနေ့ နံနက် ၉နာရီခွဲအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ဖွင့်လှစ်ပို့ချသည်။
ကော့ကရိတ်​မြို့ရှိ ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးများအား ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ထက်ဆင့်ရှင်းလင်းဆွေးနွေးပွဲကျင်းပ
May 15,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ ကြီးမှူးကျင်းပသည့် ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးများအား ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပွဲကို ယ​မန်နေ့ ညနေ ၃နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
မိုးသက်လေပြင်းတိုက်ခတ်ပြီး မိုးသီးများကြွေကျမှုကြောင့် ပျက်စီးသွားသော အိမ်ထောင်စု ၅၃ စုအတွက် ထောက်ပံ့ငွေပေးအပ်
May 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၊ မန်ကျောင်းကျေးရွာအုပ်စု၊ မန်ပန်ကျေးရွာတွင် မေလ ၇ ရက် နံနက် ၄ နာရီခန့်က မိုးသက်လေပြင်း တိုက်ခတ်ပြီး မိုးသီးများကြွေကျမှုကြောင့် ပျက်စီးသွားသော အိမ်ထောင်စု ၅၃ စုအတွက် ထောက်ပံ့ကြေးပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက မိုင်းရယ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
ဒလမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
May 15,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်မည်ဖြစ်ရာ ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်သီရိဇေယျနော်ရထာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ဘုရားသုံးဆူ​မြို့တွင် အသက်၈၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင်ထောက်ပံ့ ပေးအပ်
May 15,2021
ဘုရားသုံးဆူ​မြို့တွင် အသက်၈၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင်ထောက်ပံ့ ပေးအပ်
ပျဉ်းမနား - တောင်တွင်းကြီး - ပျဉ်းမနား အမှတ်(၁၀၃)အဆန်၊အမှတ် (၁၀၄) အစုန် RPE ရထား စတင်ပြေးဆွဲ
May 15,2021
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် ရထားစီးခရီးသည် မိဘပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် ရထားများပြေးဆွဲပေး လျက်ရှိကြောင်း သိရသည်။
သိန္နီမြို့နယ်တွင် ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စစ်ဆေးရေး ကတ်ပြား ဆောင်ရွက်ပေး
May 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ လားရှိုးခရိုင် ၊ သိန္နီမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ သိန္နီမြို့နယ်ဦးစီးဌာနမှူးရုံးတွင် ယနေ့ နံနက်မှစ၍ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စစ်ဆေးရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မင်းလှမြို့၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်‌ပေးခြင်း "ပန်းခင်း "စီမံချက်သင်တန်းဖွင့်လှစ်
May 15,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြား‌မရှိသူများနှင့် ရွှေ့ပြောင်းလုပ်သားများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနိုင်ရေးအတွက်" ပန်းခင်း" စီမံချက်သင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲ ကမင်းလှမြို့နယ် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံး၌ ကျင်းပ ပြုလုပ်ခဲ့သည်။