ဆီထွက်သီးနှံ နှမ်းမျိုးစေ့ထုတ်စိုက်ခင်းဖြစ်သည့် စမုံနှမ်းနက်မျိုးနွေနှမ်းအား စုပေါင်းရိတ်သိမ်း
May 21,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ရဲသာကျေးရွာအုပ်စု၊ နောင်ခလှိုင်ကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဘားအံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးအပြီး မြေလွတ်မြေလပ်မထားဘဲအပိုငွေရရှိအောင် နောက်တစ်သီးစားအနေနဲ့ စိုက်ပျိုးနိုင်ရန်အတွက် ရည်ရွယ်ကာ နေရောင်ခြည်စွမ်းအင်သုံးဆိုလာပြားစနစ်ဖြင့် ရေဖြန့်ဝေမှုဧရိယာ နွေနှမ်း (ဆီထွက်သီးနှံ နှမ်းမျိုးစေ့ထုတ်စိုက်ခင်း) တွင် ကျေးရွာနေ တောင်သူများစုပေါင်းရိတ်သိမ်းခြင်းကို ယမန်နေ့က ရိတ်သိမ်းခဲ့ကြောင်း သိရသည်။