ဆီထွက်သီးနှံ နှမ်းမျိုးစေ့ထုတ်စိုက်ခင်းဖြစ်သည့် စမုံနှမ်းနက်မျိုးနွေနှမ်းအား စုပေါင်းရိတ်သိမ်း

ဘားအံ  မေ  ၂၁

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ရဲသာကျေးရွာအုပ်စု၊ နောင်ခလှိုင်ကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဘားအံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးအပြီး မြေလွတ်မြေလပ်မထားဘဲအပိုငွေရရှိအောင် နောက်တစ်သီးစားအနေနဲ့ စိုက်ပျိုးနိုင်ရန်အတွက် ရည်ရွယ်ကာ နေရောင်ခြည်စွမ်းအင်သုံးဆိုလာပြားစနစ်ဖြင့်  ရေဖြန့်ဝေမှုဧရိယာ နွေနှမ်း (ဆီထွက်သီးနှံ နှမ်းမျိုးစေ့ထုတ်စိုက်ခင်း) တွင် ကျေးရွာနေ တောင်သူများစုပေါင်းရိတ်သိမ်းခြင်းကို ယမန်နေ့က ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဆဲင်ဇခုတ် က နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားစနစ်ဖြင့် ရေဖြန့်ဝေပေးမှုဧရိယာတွင် နှောင်ခလှိုင်ကျေးရွာနေ တောင်သူ(၁၇)ဦး စိုက်ပျိုးထားသည့် စမုံနှမ်းနက်မျိုးအား နွေနှမ်းစိုက်ခင်းဧက (၄၀)ကို ပထမအကြိမ် စမ်းသပ်စိုက်ပျိုးတာ ဖြစ်ပါတယ်။ သူကဒေသမျိုးထက် ဒီမျိုးက သက်တမ်းတိုမျိုးဖြစ်သလို မိုးစပါး စိုက်ပျိုးရိတ်သိမ်းအပြီး မြေလွတ်၊ မြေလပ်မထားပဲ အပိုငွေရရှိ ရေးအတွက် စိုက်ပျိုးစေခဲ့ပြီး စိုက်ပျိုးအောင်မြင်မှု အခြေအနေကို ကျေးရွာအုပ်စုအတွင်း တောင်သူသိရှိဖို့ ရည်ရွယ်ချက်ဖြင့် အခုလိုစုပေါင်း ရိတ်သိမ်းခြင်းဆောင်ရွက်ပေးခဲ့တာပါဟု ပြောသည်။

အဆိုပါ စမုံနှမ်းနက်မျိုးဟာဆိုရင် သက်တမ်းအားဖြင့် ရက်(၈၀)နဲ့ (၇၅)ရက်ရှိပြီး အဲ့ဒီဒေသစိုက် မျိုးထက် သက်တမ်းတိုပြီး အထွက်နှုန်းကောင်းတာမို့ ဈေးကွက်အတွင်း သွင်းနိုင်မှာ ဖြစ်တာကြောင့် အောင်မြင်ဖြစ်ထွန်းကြောင်းနှင့် ရိတ်သိမ်းပွဲသို့ တက်ရောက်လာကြသည့် နောင်ခလှိုင်ကျေးရွာနေသူ တောင်သူ တစ်ဦးမှ စမှုံနွေနှမ်းစိုက်ခင်းနဲ့ ပတ်သတ်ပြီးသိလိုသည်များ မေးမြန်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)