ကျိုက်မရောမြို့နယ်၌၂၀၂၀-၂၀၂၁ ပညာသင်နှစ်အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး တွေ့ဆုံပွဲ ပြု လုပ်

 


ကျိုက်မရော မေ ၂၁

 

 

မွန်ပြည်နယ်  ကျိုက်မရောမြို့နယ်တွင်  ၂၀၂၀- ၂၀၂၁ ပညာသင်နှစ်  အခြေခံပညာအထက်တန်း အလယ် တန်း၊ မူလတန်းကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် တွေ့ဆုံ ညှိနှိုင်းပွဲကို  ယနေ့ နေ့လည်၃နာရီက  အ.ထ.က ကျိုက်မရော ပညာအားမာန်ခန်းမ၌  ပြုလုပ်ခဲ့သည်။


 

 

အခမ်းအနားတွင်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးမြတ်ယုက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဗိုလ်မှူးဇော်မင်းမှ အခြေခံ ပညာ ကျောင်းများ ဖွင့်လှစ်နိုင်ရေး၊ကျောင်းနေအရွယ်ကလေးများ  ကျောင်းအပ်နှံရေး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ဆိုင်ရာ များနှင့် ကာကွယ်ဆေးထိုးနှံမှုများ၊  ကျောင်းများတွင်  ငွေကြေးကောက်ခံမှုမရှိပဲ ဆောင်ရွက်ထားရှိမှု၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များနှင့်    ပူးပေါင်း၍ ကျောင်းလုံခြုံရေးကိစ္စများ   ဆောင်ရွက်ထားရှိမှုများ၊    ဖွင့်လှစ်ရန်  အဆင်သင့်ဖြစ်ပြီးသောကျောင်းများနှင့် ဖွင့်လှစ်ရန်အခက်အခဲရှိနေသော ကျောင်းများ၏ လုံခြုံရေးကိစ္စရပ် များကို ရှင်းလင်းဆွေးနွေးခဲ့သည်။


 

ထို့နောက်    မြို့နယ်ပညာရေးမှူး  ဒေါ်စုစုဌေးက   ကျိုက်မရောမြို့နယ်အတွင်းရှိ   အခြေခံပညာ ကျောင်းများ၏  ဖွင့်လှစ်နိုင်မှုအခြေအနေများနှင့်  ကျောင်းများ၏ လိုအပ် ချက်များကို   ရှင်းလင်းဆွေးနွေး ပြောကြားပေးပြီးနောက် တက်ရောက်လာသော  ကျောင်းအုပ်ကြီးများနှင့်ကျောင်းတာဝန်ခံများက မိမိတို့ ကျောင်းနှင့်ပတ်သက်၍ လိုအပ်ချက်များကို တင်ပြဆွေးနွေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန် ရှိသူများက ပေါင်းစပ်ညှိနှိုင်း   ဆွေးနွေးခဲ့ကြသည်။ ကျိုက်မရောမြို့နယ်တွင် အခြေခံ ပညာကျောင်းပေါင်း ၁၄၂ကျောင်းရှိပြီး  မေလ၂၄ရက်မှစတင်ကာ  မေလ၃၁ရက်နေ့အထိကျောင်းအပ်လက်ခံပေးသွားမည်ဖြစ် ကြောင်းသိရသည်။


 

ချို မြတ်မြတ်ထွေး