မကွေးတိုင်းဒေသကြီး နိုင်ငံပိုင်ရုပ်ရှင်ရုံ မကွေး(မင်္ဂလာစံပြ)၊တောင်တွင်းကြီး(ရွှေလမင်း)နှင့် ပတ်သက်၍ တာဝန်နှင့်ဝတ္တရားများ လွှဲပြောင်းသည့် စာချုပ် ချုပ်ဆိုခြင်း အခမ်းအနားကျင်းပ

 

 

မကွေး     မေ    ၂၁

 

 

ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူစီမံခန့်ခွဲလျက်ရှိသော  မကွေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံပိုင်ရုပ်ရှင်ရုံ မကွေး(မင်္ဂလာစံပြ)၊ တောင်တွင်းကြီး (ရွှေလမင်း)နှင့် ပတ်သက်၍ တာဝန်နှင့် ဝတ္တရားများ လွှဲပြောင်းသည့် (Deed of Assignment)စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ် ဆောင်ရွက် ခဲ့သည်။

 

 

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်က တိုင်း ဒေသကြီးတွင် နိုင်ငံပိုင်ရုပ်ရှင်ရုံ မကွေး(မင်္ဂလာစံပြ)ရုပ်ရှင်ရုံက ရုပ်ရှင်ပြသမှုစနစ် အဆင့်မြှင့် တင်ခြင်း(Digital)စနစ် ပြောင်းလဲပြသပြီးဖြစ်ကြောင်း၊ တောင်တွင်းကြီး ရွှေလမင်းရုပ်ရှင်ရုံ ကတော့ ရုပ်ရှင်ငှားရမ်း ရေးတင်ဒါခေါ်ယူပြီး တင်ဒါအောင်မြင်လို့ ကိုဗစ် ကာလအလွန်မှာ အဆင့်မြှင့် ဒီဂျစ်တယ်စနစ်နဲ့ စတင်ဆောင်ရွက်မှာဖြစ်ကြောင်း၊မကွေးတိုင်းဒေသကြီးမှာ  နိုင်ငံ တော်က ပုဂ္ဂလိကလုပ်ငန်းရှင် တွေကို အပြီးရောင်းချထားတဲ့ ရုပ်ရှင်ရုံ(၉)ရုံထဲက ပခုက္ကူမြို့က (၁)ရုံနဲ့ ချောက်မြို့က ရုပ်ရှင်ရုံ (၁)ရုံ တို့က ဒီဂျစ် တယ်စနစ်နဲ့ ပြသနေပြီ ဖြစ်ကြောင်း ၊ကျန်တဲ့(၇)ရုံမှာ ရုပ်ရှင်ပြသရန် စည်းကမ်းသတ်မှတ် ချက်ပါ ရုပ်ရှင်ရုံတွေဖြစ်တာကြောင့် အဆင့်မြင့် ဒီဂျစ်တယ် ရုပ်ရှင်ပြသခြင်းလုပ်ငန်း မဖြစ်မနေ လုပ်ကိုင် ရန် ဆိုတာကို ပြန်ကြား ရေးဝန်ကြီးဌာနက အကြောင်းကြားထားကြောင်း၊ ရုပ်ရှင်ရုံတွေနဲ့ ပတ်သက်ပြီး စီမံခန့် ခွဲခွင့်/ကြီးကြပ်ခွင့်လွဲပြောင်းပေးအပ်ပြီးဖြစ်တဲ့အတွက် အလေးထားဆောင်ရွက်သွားမှာဖြစ်သလို  ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနနှင့်အတူ ညှိနှိုင်းပေါင်းစပ်ပြီး လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြား သည်။

ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးအေးကြွယ်က နိုင်ငံပိုင်ရုပ်ရှင်ရုံ မကွေး (မင်္ဂလာစံပြ)၊ တောင်တွင်းကြီး (ရွှေလမင်း)နှင့် ပတ်သက်၍ နိုင်ငံပိုင်ရုပ်ရှင်ရုံများ တာဝန်နှင့်ဝတ္တရားများ လွှဲပြောင်းသည့် စာချုပ်ချုပ်ဆိုရခြင်းနှင့် စပ်လျဉ်း၍  ရှင်းလင်းပြောကြားသည်။

 

ဆက်လက်ပြီး နိုင်ငံပိုင်ရုပ်ရှင်ရုံ မကွေး(မင်္ဂလာစံပြ)၊ တောင်တွင်းကြီး(ရွှေလမင်း)တို့နှင့် ပတ်သက်၍ သဘောတူညီချက် စာချုပ်လက်မှတ်ရေးထိုးခြင်း ဆောင်ရွက်ခဲ့ရာ လွှဲပြောင်း ပေးအပ်ခြင်း စာချုပ်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်နှင့် ကျွမ်းကျင်သူ ဦးသိန်းနိုင် တို့က လက်မှတ်ရေးထိုးခဲ့ကြပြီး၊ လွှဲပြောင်းလက်ခံခြင်းစာချုပ်ကို တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်(၅)ရဲမှူးကြီး လှိုင်တင့်နှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး ညွှန်ကြားရေးမှူး ဦးမျိုးအောင်တို့က လက်မှတ်ရေး ထိုးကာ၊ နိုင်ငံပိုင်ရုပ်ရှင်ရုံ မကွေးမြို့- မင်္ဂလာစံပြရုပ်ရှင်ရုံအား နှစ်ရှည်ငှားရမ်း ခွင့်ရရှိသူ မကွေးမြို့ ရွှေတော်ဝင်ရုပ်ရှင်ရုံပိုင်ရှင် ဦးမောင်ဝင်း(ခ)ဦးမောင်ထွေး နှင့် ပူးတွဲ ဆောင်ရွက်သူ မင်္ဂလာကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးဇော်မင်းတို့က လက်မှတ်ရေးထိုးခဲ့ကြ သည်။

 

ထို့နောက် နိုင်ငံပိုင်ရုပ်ရှင်ရုံ မကွေး(မင်္ဂလာစံပြ)၊တောင်တွင်းကြီး(ရွှေလမင်း)တို့နှင့် ပတ်သက် သည့် စာချုပ်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၅)ရဲမှူးကြီး လှိုင်တင့်နှင့် နိုင်ငံပိုင်ရုပ်ရှင်ရုံ မကွေး(မင်္ဂလာစံပြ)နှင့် ပတ်သက်၍ စာချုပ်ကို နှစ်ရှည်ငှားရမ်းခွင့်ရရှိသူ   ဦးမောင်ဝင်း(ခ) ဦးမောင်ထွေး နှင့် ပူးတွဲဆောင်ရွက် သူ မင်္ဂလာကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးဇော်မင်းတို့ထံ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မောင်ညီညာ