သတင်းများ

လယ်ဝေးမြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး
May 28,2021
တောင်သူလယ်သမားကြီးများ လယ်ယာစိုက်ပျိုးချိန်တွင် အဆင်ပြေစေရန်အတွက် မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက် များနှင့်အညီ ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ လယ်ဝေးမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ထုတ်ချေးပေးလျက်ရှိသည်။
စိုက်ပျိုးရေးဦးစီးဌာနနှင့်မျိုးစေ့ထုတ်သမဝါယမအသင်းတို့မှ ပူးပေါင်းဆောင်ရွက် သည့် ပိုက်ဆံလျှော် ထည့်သွင်းခြင်း သရုပ်ပြပွဲပြူလုပ်
May 28,2021
ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊ နောင်လုံအရှေ့ကျေးရွာ တောင်သူများမိုးစပါးစိုက်ပျိုးမည့် စိုက်ခင်းတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် မျိုးစေ့ထုတ်သမဝါယမအသင်းတို့မှ ပူးပေါင်းဆောင်ရွက်သော မြေဆီလွှာဖွံဖြိုးတိုး တတ်ရေးအတွက်ရည်ရွယ်ကာ ထုံးနှင့်ပိုက်ဆံလျှော်ထည့်သွင်းခြင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် (၈)နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား မလှိုင်မြို့၌ကျင်းပ
May 28,2021
၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊  မလှိုင် အ.ထ.က ကျောင်းရှိ  ဧရာဝတီခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်တော်မြို့၌ ပန်းခင်းစီမံချက်ဖြင့် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများထုတ်ပေး
May 28,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အသက်(၁၈)နှစ် ပြည့်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကစ္ဆပနဒီခန်းမအတွင်း၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ
May 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးတွင် မေလ ၃ ရက်နေ့စ၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေများ ပေးအပ်
May 28,2021
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ တောမြင်ဘာကျေးရွာနှင့် ပျဉ်းအိုင်ကျေးရွာတို့တွင် မေလ (၂၅) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၇)ဦးတို့အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ ညနေ(၃) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
မြေပုံမြို့နယ်၌ လူနေအိမ် (၈) လုံး ဒီရေလှိုင်းဖြင့် မျောပါပျက်စီး
May 28,2021
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ အုန်းချောင်းအုပ်စု၊ ပြင်ဝန်း (ပိုက်ဆိပ်) ၌ ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော (ယာစ်) YASS ဆိုင်ကလုန်းမုန်တိုင်းအရှိန်ဖြင့် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင်း ဒီရေလှိုင်များ အဆမတန်မြင့်မား၍ ပင်လယ်ကမ်းစပ်အနီးနေထိုင်သည့် တံငါသည်မိသားစုနေအိမ် (ဓနိမိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း) နေအိမ် (၈) လုံး ဒီရေလှိုင်း ရိုက်ပုတ်၍ ဒီရေလှိုင်းထဲ မျောပါပျက်စီးပြီး နောက်ထပ် လူနေအိမ်(၁၂)အိမ်မှာ အမိုး၊ အကာများ ပျက်စီးကြောင်း သတင်းရရှိသည်။
နိုင်ငံပိုင်ရုပ်ရှင်ရုံထားဝယ်မြို့ရှိ (ရွှေဝယ်သီရိ) ရုပ်ရှင်ရုံ၏ တာဝန်နှင့်ဝတ္ထရားလွှဲပြောင်းခြင်း စာချုပ်ချုပ်ဆိုခြင်း အခမ်းအနား ကျင်းပ
May 27,2021
နိုင်ငံပိုင်ရုပ်ရှင်ရုံထားဝယ်မြို့ရှိ(ရွှေဝယ်သီရိ)ရုပ်ရှင်ရုံ၏ တာဝန်နှင့် ဝတ္ထရားလွှဲပြောင်းခြင်း၊ စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပသည်။