တာလေမြို့ ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်ငှားရမ်းခြင်း လုပ်ငန်းကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဝန်ဆောင်မှုပေး

တာလေ   မေ  ၂၁

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့ ပြည်သူ့စာကြည့်တိုက်တွင် စာပေဝါသနာရှင် စာဖတ်ပရိတ်သတ်များ စာအုပ်စာစောင်များ အလွယ် တကူ လေ့လာဖတ်ရှုနိုင်ရန်အတွက် စာအုပ်စာစောင်ငှားရမ်းပေးခြင်း ဝန်ဆောင်မှုလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဝန်ဆောင်မှုပေးလျှက် ရှိကြောင်း သိရသည်။

“ဒေသအတွင်းရှိ စာပေလေ့လာဖတ်ရှုသူ ဝါသနာရှင်စာငှားပရိသတ်များအတွက် တာလေမြို့ ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်များ အလွယ်တကူ ငှားရမ်းလေ့လာဖတ်ရှုနိုင်ရန် စာကြည့်တိုက်ကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ပေးပြီး  သုတ၊ ရသ စာအုပ် စာစောင်များ ငှားရမ်းပေးခြင်းကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့် အညီ ပြည်သူ့စာကြည့်တိုက်မှ ဝန်ထမ်းများက နေ့စဉ်ဝန်ဆောင်မှုပေးလျက်ရှိကြောင်းလည်း” သိရသည်။

အောင်ကျော်မိုး(တာလေ)