မောင်တော မေ ၂၁
ရခိုင်ပြည်နယ် မောင်တောမြို့၌ ရပ်ကွက် ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများလုပ်ငန်းမွမ်းမံ သင်တန်း ဆင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဌ ဦးအောင်ရဲက ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ် ရေးမှူး များ ၏ လုပ်ငန်းတာဝန်များ၊ရပ်/ကျေးဉပဒေ၊ နည်းပဒေ များပိုမို သိရှိစေရန်၊ ပုံစံ(၂၇) မျိုးဆောင်ရွက်တတ်စေရန် ၊ ဆက်စပ် ဌာန ဆိုင်ရာများ၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်ချက်များ နှင့် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအတွင်း နေထိုင်သူ များ ၏ တာဝန်ဝတ္တရားများ၊ အခွင့် အရေး များ သိရှိစေရန် ရည်ရွယ်၍ မွမ်းမံသင်တန်း ဖွင့်လှစ်ခဲ့ခြင်း ဖြစ် ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ သင်တန်းကို သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန် ရှိ သူ များက သင်တန်းကာလ (၂) ပတ် ကြာပို့ချ ပေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ရဲက ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ် ရေးမှူး နှင့် ကျေးရွာတာဝန်ခံ (၈၈)ဦးအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ ကြောင်း သိ ရသည်။
သက်လွင်စိုး