တနင်္သာရီမြို့နယ်အတွင်းရှိ ကျောင်းများတွင် ကျောင်းသား/သူများအား ကျောင်းအပ်နှံမှု နေ့စဉ် လက်ခံဆောင်ရွက်ပေးလျက်ရှိ
May 28,2021
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ခု၊ ပညာသင်နှစ်တွင် “ကျောင်းနေ အရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံ ရေးသီတင်းပတ်အဖြစ် မေလ(၂၄)ရက်မှ (၃၁)ရက်အထိ သတ်မှတ်၍ ကျောင်းအပ်လက်ခံဆောင်ရွက် ပေးလျက်ရှိရာ မေလ(၂၇)ရက်တွင် ကျောင်းသူ/သားများအား COVID-19 ကာကွယ်ရေး လမ်းညွှန်ချက် နှင့်အညီ သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအပ်နှံမှုများ ဆက်လက် လက်ခံဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။