ကန့်ဘလူ မေ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အမျိုးသမီးအသင်း(Women Club) တို့ပူးပေါင်းပြီး ကျောင်းသား ကျောင်းသူများ အင်္ဂလိပ်စာ အရေး အသား စွမ်းရည်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ကာ အခြေခံအင်္ဂလိပ်စာသဒ္ဒါ (Grammar) အခမဲ့သင်တန်းကို အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန ခန်းမ၌ မေ ၂၀ ရက်မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်မိုးခက်က အခြေခံအင်္ဂလိပ်စာသဒ္ဒါ အခမဲ့သင်တန်း ဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းသင်တန်းသို့ သင်တန်းသား ၁၅ ဦးတက်ရောက်ပြီး သင်တန်းကာလ မေ ၂၀ ရက်မှ ဇွန် ၁၉ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)