သတင်းများ

နောင်ကျောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၈)ရွာမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁၅)ဦး အား အိမ်တိုင်ရာအရောက် လူမူရေးပင်စင် ထောက်ပံ့ငွေပေးအပ်
May 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမူရေးပင်စင်ထောက်ပံ့ငွေများကို မေ ၂၆ ရက်နေ့က နောင်ကျော ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၈)ရွာမှ အသက်(၈၅)နှစ်အထက် ဘိုးဘွား(၁၅)ဦးတို့အား အိမ်တိုင်ရာ အရောက် သွားရောက်ထောက်ပံ့ပေးခဲ့သည်။
ဟိုပုံးမြို့နယ်၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ
May 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဟိုပုံးမြို့တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံညာအထက်တန်း ၊ အလယ်တန်းနှင့် မူလတန်းကျောင်းသား/ကျောင်းသူများအား မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း အထက(၁) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်၌ အခြေခံပညာ မူလတန်းလွန်ကျောင်း မီးလောင်မှုဖြစ်ပွား
May 28,2021
မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်ချောင်းနှစ်ခွကျေးရွာမီးသတ်စခန်းမှ ၅ မိုင်ခန့်ကွာ ဝေးသော လှကဇိုင်းကျေးရွာအုပ်စု၊တောင်ကလေးကျေးရွာအရှေ့စု မူလတန်းလွန် ကျောင်းတွင် ယမန်နေ့ ညနေက မီးလောင်မှုဖြစ်ပွားနေကြောင်း ဖုန်းသတင်းအရ ချောင်းနှစ်ခွနယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ ကျွန်းရွာမီးသတ်နယ်မြေမှ ယာဉ်တစ်စီး၊တောင်ကလေးကျေးရွာမှ ပုဂ္ဂလိကရေသည်ယာဉ်တစ်စီး၊ပေါင်း(၅)စီး၊ အင်အားသန္ဓေ(၇)ဦး အရန်မီးသတ်တပ်ဖွဲ့(၂၀)ဦးဖြင့် မီးငြိမ်းသတ်ခဲ့ရာ ညနေ၅နာရီခန့် တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
ကသာမြို့ ကသာ-ထီးချိုင့်ကားလမ်းအနီး (၁၂)ဘီးဘောက်ဆာဆီသယ်ယာဉ်တစ်စီး မီးလောင်
May 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာ-ထီးချိုင့်ကားလမ်းအနီး ကသာမြို့၊ ပတ္တမြားချောင်းနေရာတွင် ယမန်နေ့၊ မွန်းလွဲ (၂)နာရီ (၃၅)မိနစ်အချိန်ခန့်က (၁၂)ဘီးဘောက်ဆာဆီသယ်ယာဉ်တစ်စီး မီးလောင်ခဲ့ ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မကွေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ပုံမှန်ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်း ဆွေးနွေး
May 28,2021
မကွေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ပုံမှန်ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မကွေးမြို့ ထိန်ထိန်သာဟိုတယ်ခန်းမ၌ ကျင်းပဆောင်ရွက်ရာ မကွေး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ (အဖွဲ့ဝင်-၄) ဦးစိုးပိုင်မြင့်၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်၊မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း (မကွေးဇုန်)ဥက္ကဋ္ဌ ဦးစံထွေးနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
မော်လိုက်မြို့နယ် ကင်းတပ်ကျေးရွာတိုက်နယ်ဆေးရုံ၌ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက် ပေးနေမှုတို့အား ကြည့်ရှုအားပေး
May 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ကင်းတပ် ကျေးရွာရှိ တိုက်နယ်ဆေးရုံသို့ သွားရောက်၍ တိုက်နယ်ဆေးရုံ ဖွင့်လှစ်ထားရှိမှုအခြေအနေများနှင့် ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများအား ကြည့်ရှုခဲ့ကြပြီး ဆေးကုသမှုခံယူ နေသူ များအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်၍ သစ်ကိုင်းကျိုးကျမှုအား မီးသတ် ဦးစီးဌာနမှ သွားရောက်ရှင်းလင်း
May 28,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ အလယ်ဈေးအုပ်စု၊ ကုန်သည်တန်းရပ်ကွက် အ-ထ-က ကျောင်းဟောင်းရှေ့၊ ဦးဥတ္တမလမ်းဘေးရှိ သစ်ပင်မှာ ရုတ်တရက်မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ကိုင်းကျိုးကျနေကြောင်း တာဝန်သိပြည်သူတစ်ဦးမှ ယမန်နေ့ ညနေ ၆ နာရီအချိန်က တယ်လီဖုန်းဖြင့် အကြောင်းကြားလာ၍ ခရိုင်မီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကျိုင်းလပ်မြို့၌ အသက် ၈၅ နှစ်အထက် သက်ရွယ်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေ ပေးအပ်
May 28,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် အသက် ၈၅ နှစ်အထက် သက်ကြီး ဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင်ငွေများကို ယမန်နေ့ နံနက်ပိုင်းက ကျိုင်းလပ်မြို့ပေါ်နှင့် ကျေးရွာအုပ်စု ၃ အုပ်စု၌ ထောက်ပံ့ ပေးအပ်ခဲ့သည်။