ဂန့်ဂေါမြို့ သမိုင်းဝင်ရွှေပြည်ဆိပ်ဦးဘုရားတွင် ညောင်ရေသွန်းလောင်း

 

ဂန့်ဂေါ မေ ၂၆

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေပြည်ဆိပ်ဦးဘုရား ပရိဝဏ်ရှိ ဗောဓိပင်တွင် ကဆုန်လပြည့်နေ့ ညောင်ရေသွန်းလှူပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ညောင်ရေသွန်းလောင်းရာတွင် မြို့ပေါ်ရပ်ကွက်ရှိ ဝတ်အသင်းများ၊ ဒေသခံပြည်သူများတို့က ညနေ ၇ နာရီထိ လာရောက်သွန်းလောင်းကြသည်ကို တွေ့ရသည်။ ထို့ပြင် ဘုရားဆင်းထုတော်များအား ရေသပ္ပါယ်ခြင်းများပြုလုပ်ကြသည့်အပြင် ပရိတ် ပဌာန်းစသည့် ဒေသနာတရားတော်များကို စုပေါင်းရွတ်ဆိုပူဇော်ကြကာ ပြုခဲ့သည့်ကုသိုလ်ကောင်းမှု များအတွက် ရေစက်သွန်းချအမျှ ပေးဝေကြကြောင်း သိရသည်။ ထင်အောင်နိုင်(ဂန့်ဂေါ)