သာစည်မြို့နယ် အခြေခံပညာ ကျောင်းများတွင် ကျောင်းအပ်နှံခြင်းများ ဆောင်ရွက်လျက်ရှိ

သာစည် မေ ၂၆

သာစည်မြို့နယ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ် ပညာသင်ကြားရေးအတွက် မေ ၂၄ ရက်နံနက်မှ စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိရာ ယနေ့နံနက်ပိုင်းအထိ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းတို့တွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၁၂၁၈၉ ဦး လာရောက် အပ်နှံပြီး ဖြစ်ကြောင်း သိရသည်။

သာစည်မြို့နယ်တွင် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူပေါင်း ၃၈၇၄၆ ဦးရှိကြောင်း သိရပြီး အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူပေါင်း ၄၄၄၀ ဦးရှိရာ လာရောက်အပ်နှံပြီးသူ ၅၆၈ ဦး၊ အလယ်တန်းအဆင့်တွင် ၁၄၉၅၆ ဦးရှိရာ လာရောက်အပ်နှံပြီးသူ ၃၇၆၆ ဦးနှင့် မူလတန်း အဆင့်တွင် ၁၉၃၅၀ ဦးရှိရာ လာရောက်အပ်နှံပြီးသူ ၇၈၅၅ ဦးတို့ဖြစ်ကြောင်း သိရသည်။

သာစည်မြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း ၁၄ ကျောင်း၊ အခြေခံပညာ အထက်တန်း ကျောင်းခွဲ ၁၄ ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း ၁၄ ကျောင်း၊ အခြေခံပညာ အလယ်တန်း ကျောင်းခွဲ ၂၅ ကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း ၂၆ ကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း ၁၁၇ ကျောင်း စုစုပေါင်း  အခြေခံပညာ ကျောင်းပေါင်း ၂၁၀ ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)