သတင်းများ

ဘုတလင်မြို့နယ်အတွင်းရှိ အသက်(၇၁)နှစ်နှင့်အထက် ဘိုးဘွားများနှင့် နိုင်ငံ့ဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
May 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ အသက်(၇၁)နှစ်နှင့်အထက် ဘိုးဘွားများနှင့် နိုင်ငံ့ဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယနေ့ နံနက်ပိုင်းက ဘုတလင်မြို့၊ ပြည်သူ့ဝန်ဆောင်မှုရုံး(OSS) တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့တွင် ထရန်စဖော်မာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွား
May 26,2021

ကော့သောင်းမြို့၊ ကမ်းနားလမ်း မြန်မာ့ရှေ့ဆောင်ဘဏ်သို့ လျှပ်စစ်ဓာတ်အားပို့လွှတ်သည့် ဓာတ်တိုင်ရှိ ထရန်စဖော်မာ၏ မိန်းဘုတ်ခုံမှ ဝါယာရှော့ဖြစ် ကာ ယနေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ် စတင်လက်ခံ
May 26,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ (၂၀၂၁-၂၀၂၂) ပညာသင်နှစ် အတွက် မြို့နယ်လုံးကျွတ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ COVID-19 ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ၊ ကျောင်းသား/သူများကို မေလ ၂၄ ရက်နေ့မှ ၃၁ ရက် နေ့ထိ၊ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ၊ ကျောင်းအပ် လက်ခံလျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကဆုန်လပြည့်နေ့ ညောင်ရေသွန်းလောင်းပွဲ အခမ်းအနားသို့တက်ရောက်
May 26,2021
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသော ကဆုန်လပြည့်နေ့ ညောင်ရေ သွန်းလောင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေက မော်လမြိုင်မြို့ တောင်ရိုးတန်းရှိ မဟာမြတ်မုနိဘုရားကြီး၌ ကျင်းပရာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း နှင့် ကောင်စီဝင်များ၊ ပြည်နယ်တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ပုဏ္ဏားကျွန်း၌ သာသနဓဇဓမ္မစရိယဘွဲ့တံဆိပ်တော်ရ သံဃာတော်(၈)ပါးအား ထပ်ဆင့်ဂုဏ်ပြု ပူဇော်ပွဲကျင်းပ
May 26,2021

ပုဏ္ဏားကျွန်း မေ ၂၆ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ၂၀၂၀ ပြည့်နှစ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှကြီးမှူးကျင်းပသော အစိုးရ သာသနဓဇ ဓမ္မစရိယဘွဲ့တံဆိပ်တော်ရ သံဃာတော် (၈) ပါးအား ထပ်ဆင့်ဂုဏ

ပေါက်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်
May 26,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ပြည်သူ့စာကြည့်တိုက်ကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့မှုကြောင့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှစတင်၍ စာအုပ်စာပေ ငှားရမ်းမှုများကို ခေတ္တရပ်နားခဲ့ရပြီး ယခုအခါ မေလ ၄ ရက်နေ့မှစတင်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် ငှားရမ်းပေးလျက်ရှိသည်။
မင်းလှမြို့၊ မြို့မရပ်ကွက် ရွှေဘုန်းသာဓမ္မာရုံ၌ (၃၈) ကြိမ် မြောက် မဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
May 26,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၊ မြို့မရပ်ကွက် ရွှေဘုန်းသာဓမ္မာရုံ၌ ယမန်နေ့ ည ၇ နာရီက ၃၈ ကြိမ် မြောက်ပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
မင်းလှမြို့၌ ညောင်ရေသွန်းပွဲတော် ကျင်းပ
May 26,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)တွင် နှစ်စဉ်မြန်မာ့ရိုးရာ အစဉ်အလာမပျက် ကျင်းပခဲ့ကြသည့် ကဆုန်ညောင်ရေသွန်းပွဲတော်ကို မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှူး၍ ယမန်နေ့ညနေ ၅ နာရီက မင်းလှမြို့၊ မြို့မရပ်ကွက်ရှိ ရွှေဘုန်းသာဘုရား စေတီတော်ဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြ သည်။