မြဝတီမြို့နယ် ဖားချောင်းကျေးရွာတွင် အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

မြဝတီ  မေ  ၂၆

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြဝတီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန် က မြဝတီမြို့နယ် ဖားချောင်းကျေးရွာရှိ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြဝတီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးနေဝင်း က အဖွင့်အမှာစကားပြောကြားပြီး  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဦးငွေစိုး က    အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲနှင့် ပတ်သက်၍ ဆက်လက်ပြောကြားခဲ့သည်။

ထို့နောက် မြဝတီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ခု ဘဏ္ဍာ ရေးနှစ်၊ မေလ(၇)ရက်နေ့မှ (၂၆)ရက်နေ့အထိ   ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံကွန်ပျူတာသင်တန်းသို့ တတ်ရောက်ခဲ့သည့် သင်တန်းသူ(၁၅)ဦးနှင့် သင်တန်းသား(၆)ဦး စုစုပေါင်း (၂၁)ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး  ဖားချောင်းကျေးရွာရှိ ချမ်းမြေ့မေတ္တာ ကျောင်းတိုက်ဆရာတော်မှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)