ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဖွင့်လှစ်

သာယာဝတီ   မေ ၂၆

ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း ဖွင့်လှစ်ခြင်းကို  ယနေ့နံနက် ၉ နာရီက သာယာဝတီခရိုင် လူမှုဝန်ထမ်းရုံးခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါသင်တန်းကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လူမူဝန်ထမ်းရုံးမှ သင်တန်းနည်းပြအဖြစ် ခရိုင်ဦးစီးမှူး ဒေါ်မြတ်မြတ်စိုး ဦးဆောင်၍ ပဲခူးတိုင်းလူမှုဝန်ထမ်းရုံးမှ ဒေါ်နှင်းအိဖြူ၊ ပဲခူးအမှတ်(၂) မူကြိုကျောင်းအုပ် ဒေါ်သန္တာဦး သာယာဝတီခရိုင် လူမူဝန်ထမ်းရုံးမှ ဒေါ်မို့မို့အေး၊ ဒေါ်အေးအေးခိုင်တို့က သင်တန်းနည်းပြများအဖြစ် သင်ကြားပို့ချပြီး သင်တန်းတွင် မူကြိုကျောင်း၌ တာဝန်ထမ်းဆောင်မည့် ECCD အခြေခံသင်တန်းမရရှိသေးသောသူများနှင့် အသစ်ခန့်အပ်သော မူကြိုကျောင်းများတွင် တာဝန်ထမ်းဆောင်မည့် လူမူဝန်ထမ်း-၄ နှင့် လူမူဝန်ထမ်း-၅ ဝနထမ်းများနှင့် ဝန်ထမ်းသစ်များ၊ နေ့စားဝန်ထမ်းများအတွက် လုပ်ငန်းခွင်အကြို သင်ကြားခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် သင်တန်းသူ ၂၀ ဦး တက်ရောက်ကြပြီး မေလ ၂၆ ရက်မှ ၂၈ ရက်နေ့ထိ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း ခရိုင်လူမူဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်မြတ်မြတ်စိုးထံမှ သိရသည်။

သန့်ဇော်(ခရိုင်ပြန်/ဆက်)