ပုသိမ် မေ ၂၆
ဧရာ၀တီတိုင်းဒေသကြီး၊ မီးသတ်ဦးစီးမှူးရုံး၊ ပုသိမ်မြို့တွင် (၁၇.၅.၂၀၂၁) ရက်နေ့မှ (၂၈.၅.၂၀၂၁) ရက်နေ့အထိ ဖွင့်လှစ်လျက်ရှိသည့် ရေပြင်ရှာဖွေကယ်ဆယ်ရေး သင်တန်းတွင် တက်ရောက်နေသည့် သင်တန်းသား(၅၀)ဦးမှ ရေပြင်အသက်ကယ်ဆယ်ရေး နည်းစနစ်များအား ယနေ့ နံနက် ၉ က သရုပ်ပြခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် အဖွဲ့ဝင်များ၊ တိုင်းအဆင့် အကြီးအကဲများ တက်ရောက် အားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)