လှိုင်းဘွဲ မေ ၂၇
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် မွေးလာသောကလေးကို ကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကင်းဝေးစေရန်အတွက် ကာကွယ်ဆေး ထိုးနှံခြင်းနှင့် မွေးစမှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား အသည်းရောင် အသားဝါဘီရောဂါ၊ ပိုလီယို အကြောသေရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး ရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကာကွယ်ရန်အတွက် အသက်အပိုင်းအခြားအလိုက် ကာကွယ်ဆေးများထိုးပေးခြင်း၊ တိုက်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက် ပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)