ဝေါ မေ၂၇
စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ဝေါမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ နိုင်ငံတော်အတွင်း လယ်ယာထွက်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး၊ နိုင်ငံသားများ၏စားနပ်ရိက္ခာ ဖူလုံစေရေး၊ မြန်မာ့လယ်ယာထွက်ကုန်များကို နိုင်ငံတကာစျေး ကွက်သို့ ယှဉ်ပြိုင်တင်ပို့နိုင်ရေးနှင့် တောင်သူ လယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှုစရိတ်ချေးငွေများအား ယမန်နေ့ နံနက်ပိုင်းက ၂၀၂၁ မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေများထုတ်ချေးခြင်း အခမ်းအနားကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ဝေါမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်မိုးသီတာ က ဝေါမြို့နယ် အတွင်းရှိကျေးရွာအုပ်စု (၆၃) အုပ်ရှိ တောင်သူများ အဆင်ပြေချောမွေ့စွာ ထုတ်ချေး နိုင်ရေး ရှင်းလင်း ပြောကြားသည်။
၂၀၂၁မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများမေလ၂၆ရက်နေ့ ခင်တန်းကြီးကျေးရွာအုပ်စု၊ ကွေ့ကြီးကျေးရွာ အုပ်စု၊ မေလ၂၇ရက်နေ့ အုတ်ဖိုကျေးရွာ အုပ်စု၊တနော်ကျွန်းကျေးရွာအုပ်စုနှင့် မေလ၂၈ရက်နေတွင် မှ တောင်သူ ၃၉၉ ဦး၏ ဧက၃၁၂၅ဧကအတွက် ကျပ်ငွေ ၄၆၈၇၅၀၀၀၀ကျပ် ချေးငွေ တစ်ဧက၁၅၀၀၀၀ကျပ် ထုတ်ချေး ပေးခဲ့ ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)